Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

Friday, January 3, 2014

ပတ်စပို့စာအုပ် တစ်အုပ်ကို ကျပ် နှစ်သောင်းခွဲ ရှိရုံဖြင့် ရှမ်း(ရှေ့)ကိုယ်စားပြု ကျိုင်းတုံ၌ ပြုလုပ်နိုင်ပြီ

Thu Ya Bo | 4:56 AM | Best Blogger Tips



 3.1.2014

၂၀၁၄ ခုနှစ် ဇန်န၀ါရီလ (၂)ရက်နေ့က မြန်မာနိုင်ငံအတွင်းရှိ နေပြည်တော် အပါအ၀င် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတို့တွင် တစ်ပြိုင်နက် တည်း ပတ်စပို့စာအုပ် ထုတ်ပေးသည့် ရုံးခွဲ(၁၅)ရုံးကို ဖွင့်လှစ်လိုက်သည်ဖြစ် ရာ ရှမ်းပြည်နယ်၌ ဖွင့်လှစ်လိုက်သည့် ရုံးသုံးရုံးအနက် တောင်ကြီး၊ လားရှိုး အပြင် တာချီလိတ်မြို့နှင့် အနီးဆုံးဖြစ်သည့် ကျိုင်းတုံမြို့လည်း အပါအ၀င်ဖြစ်ကြောင်း သိရသည်။

ဇန်န၀ါရီလ(၂)ရက်နေ့ နံနက်ပိုင်းက ပတ်စပို့စာအုပ် ထုတ်ပေးရေး အဖွဲ့ရုံးခွဲကို ကျိုင်းတုံမြို့၊ အမှတ်(၅) ရပ်ကွက်၊ ယန်းခမ်းဈေးအနီးနှင့် မိဘမေတ္တာ အိမ်ဆောက်ပစ္စည်းဆိုင်အနီးတွင် ဖွင့်လှစ်ထား လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ပတ်စပို့စာအုပ်များကို လျှောက်ထားရာမှာ မှတ်ပုံတင်နှင့် အိမ်ထောင်စုစရင်း မူရင်း ရှိရမှာဖြစ်ပြီး လူကိုယ်တိုင် လာရောက် လျှောက်ထားရ မှာဖြစ်ကြောင်းနှင့် ပတ်စပို့စာအုပ် ပြုလုပ်ပေးသည့် ကုန်ကျ စရိတ်မှာ၂၅,၀၀၀ကျပ်သာ ကုန်ကျမည်ဖြစ်ကြောင်း၊ အဆိုပါ သတ်မှတ်ကြေးနှုန်းမှာ ယခု တပြိုင်နက်တည်း ဖွင့်လှစ်ထားရှိသော ပတ်စပို့ထုတ်ပေးရေးရုံးခွဲ (၁၅)ရုံးနှင့် တပြေးညီ ဈေးနှုန်းများဖြစ်ကြောင်း၊ ပတ်စပို့လျှောက်ထားရာတွင် စာရွက်စာတမ်း ဆောင်ရွက်ချက်များ ကို နေ့ချင်းအပြီး ပြုလုပ်ပေးပြီး စာအုပ်ကိုတော့ ရက်ကာလ အားဖြင့် နှစ်ပတ်မှ သုံးပတ်အတွင်း ထုတ်ပေးမှာဖြစ်ကြောင်း သိရှိရသည်။

"ပတ်စပို့ ထုတ်ပေးရေးရုံးခွဲကို ကျိုင်းတုံမှာ ဖွင့်ထားပြီဆိုတော့ အရမ်းဝမ်းသာပါတယ်၊ ရန်ကုန်မှာ သွားလုပ်ဖို့အတွက် လေယာဉ် ခတွေ၊ နေဖို့စားဖို့တွေ မကုန်တော့ဘူး၊ တာချီလိတ်ကနေ သွားလုပ်မယ် ဆိုလည်း နီးနီးလေးဖြစ်သွားပြီ၊ နီးနီးနားနား ဒီမှာပဲ လုပ်လို့ရပြီဆိုတော့ တကယ်ကို ၀မ်းသာပါတယ်၊"ဟု တာချီလိတ်မြို့မှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးမှ ပြောသည်။

"ဒီလို ပတ်စပို့ထုတ်ပေးရေးရုံးခွဲတွေ အစကတည်းက ဖွင့်ထားပေးရမှာ၊ ပတ်စပို့စာအုပ်တစ်အုပ်လုပ်ဖို့ ရန်ကုန်ကို သွားသွားလုပ်ရတာ ခရီးစရိတ်အများကြီးကုန်တယ်၊ အခုလို ဖွင့်ပေးထားမှ ရှမ်းပြည်ထဲက တိုင်းရင်းသားတွေ အားလုံးနီးပါး လွယ်လွယ်ကူကူနဲ့ ပတ်စပို့စာအုပ် ကိုင်နိုင်တော့မှာပေါ့"ဟု ကျိုင်းတုံမြို့မဈေးအတွင်းမှ သစ်သီးရောင်းသည့် ဈေးသည်တစ်ဦးက တာချီလိတ်အွန်လိုင်းသို့ ပြောသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်း၏ မြို့တော်သည် ကျိုင်းတုံဖြစ်သည့်အတွက် ပတ်စပို့ထုတ်ပေးရေးရုံးခွဲအား ကျိုင်းတုံမြို့၌ ဖွင့်လှစ်ထားရှိရာ ထိုသို့ ဖွင့်လှစ်ထားခြင်းနှင့် ပတ်သက်၍ ရှမ်းပြည်နယ် အရှေ့ပိုင်းအတွင်းရှိ တာချီလိတ်မြို့အပါအ၀င် မြို့နယ်အသီးသီးများမှ လာရောက်၍ ပတ်စပို့စာအုပ်များကို လွယ်ကူစွာဖြင့်လျှောက် ထားနိုင် သလို အခြားသော ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ လည်း လျှောက် ထားလိုသူများ အနေဖြင့် အဆိုပါရုံးတွင် အကန့်အသတ်မရှိ လျှောက်ထားနိုင်ကြောင်း သိရှိရသည်။

ပတ်စပို့စာအုပ်များကို တာချီလိတ်မြို့မှ လျှောက်ထားသူများအနေဖြင့် ကျိုင်းတုံသို့ သွားရောက် လျှောက် ထားနိုင်ပြီး ပြည်ပသို့ အလည်အပတ် သွားရောက်လို၍ ဗီဇာလျှောက်ထားလိုပါက တာချီလိတ်မြို့ ၀မ်ကောင်း ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမဘေးတွင် ဖွင့်လှစ်ထားသည့် Sawadee Holiday ခရီးသွား လုပ်ငန်းမှ ဗီဇာလျှောက်ထားရေးအတွက် ၀န်ဆောင်မှုပေး လျှက်ရှိကြောင်း သိရသည်။

Tachileik
 
 Ref : http://shannnews.blogspot.com